ဆီးချိုသွေးတိုးကြောင့် ကျောက်ကပ် မပျက်စီးစေဖို့ဆိုရင်
ဆီးချိုဖြစ်တာ၊ သွေးတိုးတာတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို ပြောတာက ဆီးချိုကြောင့် ဖြစ်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တာကို သေချာလေး မထိန်းသိမ်းဘူးဆိုရင်ဖြစ်ဖြစ် သွေးတိုးတာကြောင့် ဖြစ်တဲ့ သွေးပေါင်ချိန် မြင့်တက်မှုကို သေချာလေး ဂရုစိုက် ထိန်းသိမ်းတာမျိုး မလုပ်ရင် ဖြစ်ဖြစ် ရေရှည်မှာ နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
ဒီတော့ ဆီးချိုသွေးတိုးကြောင့် ကျောက်ကပ် မပျက်စီးချင်ဘူးဆိုရင် လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ဆီးချိုသွေးတိုးကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ အနေနဲ့ ကျောက်ကပ် ပျက်စီးတာကို ခံစားရနိုင်ပါတယ်။ ဒီအနေအထားတွေကို ကာကွယ်ဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာပေးတာ အကောင်းဆုံး ဖြစ်မှာပါ။
- ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ - ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ပေးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်း ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။ ဒီလိုလေး ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးမယ်ဆိုရင် သွေးတိုး ဆီးချို စတာတွေကြောင့် ကျောက်ကပ် ပျက်စီးတာကို ကာကွယ်ပေးနိုင်မှာပါ။
- သွေးတွင်းသကြားဓာတ်ကို ပုံမှန်လေး ထိန်းညှိပါ - သွေးချို ရုတ်တရက် မြင့်တက်တာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုအတွက် ပုံမှန်လေး ဆေးသောက်တာ၊ လိုအပ်တဲ့ ကုသမှုတွေကို ရယူပေးပါ။ ပုံမှန်လေး သွေးချို ထိန်းညှိပေးပါ။
- သွေးတိုးထိန်းပါ - သွေးတိုး ဆောင့်တက်တာကလည်း ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို သေချာလေး ဂရုစိုက်ပေးပါ။ ပုံမှန် သွေးပေါင်ချိန် ထိန်းညှိပေးပါ။
- အစားအစာ ဂရုစိုက်ပါ - နေ့စဉ် စားသုံးမှု အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိခိုက်စေနိုင်သလို သွေးပေါင်ချိန် အပေါ်မှာလည်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အစားအစာလေးတွေကို သေချာလေး ဂရုစိုက် စားသောက်ပေးပါ။
- ရေကို လုံလောက်အောင် သောက်ပါ - ရေလုံလောက်အောင် သောက်ပေးတာက ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ရေကို လုံလောက်အောင် သောက်ဖို့ မမေ့ပါနဲ့။
- အိပ်ရေး ဝဝအိပ်ပါ - ညဘက်တွေမှာ အိပ်ရေး ဝဝအိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ရုတ်တရက် သွေးပေါင်ချိန် တက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တိုင်းမှာ အိပ်ချိန် ၈ နာရီ ပြည့်ပြည့်ဝဝ ရစေဖို့ ဂရုစိုက်ပေးပါ။
- ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက သွေးတိုးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ် ထိခိုက်တာကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ပါ။
- အရက်ဖြတ်ပါ - အရက်သောက်တာက အသည်းကိုတင် မဟုတ်ဘဲ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ ဆီးချို သွေးတိုး ရောဂါအခံလည်း ရှိမယ်။ အရက်လည်း သောက်မယ်ဆိုရင်တော့ ကျောက်ကပ် ပျက်စီးမှုကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အရက်ဖြတ်ပါ။
- ဆားလျှော့စားပါ - ဆားနဲ့ အငန်ကဲတဲ့ အစားအစာတွေက သွေးချိုကိုရော သွေးတွင်းသကြားဓာတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ် မထိခိုက်စေဖို့ဆိုရင် ဆားလျှော့စားပေးပါ။
- ကိုယ်အလေးချိန် ထိန်းပါ - အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို သေချာလေး ထိန်းပေးပါ။
ဆီးချို သွေးတိုးရဲ့ နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ်ကို ထိခိုက်မှု ကင်းစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေကို လိုက်နာပြီး ကျောက်ကပ်လေးကို စောင့်ရှောက်လိုက်ပါနော်။
မွန်မွန်